ဗိုလ်ချုပ် အောင်ဆန်း

မိန့်ခွန်းများ

၁၉၄၅ ခု၊ မတ်လ ၁၇ ရက်နေ့၊ ရန်ကုန်မြို့ ရွှေတိဂုံဘုရား အနောက်မြောက်ဖက်ရှိ ကွင်းပြင် (ယခု တော်လှန်ရေး ပန်းခြံနေရာ) တွင် ကျင်းပသော စစ်ရေးပြနှင့် တပ်ထွက်ပွဲ အခမ်းအနား၌ ပြောကြားသွားသည့် မိန့်ခွန်း။
၁၉၄၅ ခု၊ မေလ ၁၀ ရက်နေ့၊ သရက်ခရိုင်၊ ကမ္မမြို့အပိုင်၊ သရက်ချောင်းကျေးရွာ စစ်ဌာနချုပ်စခန်း ၌ အရာရှိ အကြပ်တပ်သားများကို ပြောကြားခဲ့သော မိန့်ခွန်း။
၁၉၄၅ ခု၊ သြဂုတ်လ ၁၀ ရက်၊ ၁၁ ရက်၊ ၁၂ ရက်နေ့၊ ရန်ကုန်မြို့၌ ကျင်းပခဲ့ သော မျိုးချစ်ဗမာ့ တပ်မတော် အကြီးအကဲ ခေါင်းဆောင်များ၏ အစည်းအဝေး မှထုတ်ပြန်လိုက်သော နှိုးဆော်စာ။
၁၉၄၅ ခု၊ သြဂုတ်လ ၁၉ ရက်နေ့၊ ကန်တော်ကြီး နေသူရိန် ကပွဲရုံတွင် ကျင်းပသော မြို့လုံးကျွတ် လူထုအစည်းအဝေးကြီး၌ ပြောကြားခဲ့သော မိန့်ခွန်း။
၁၉၄၅ ခု၊ ဩဂုတ်လ၊ စတုတ္ထအကြိမ်မြောက် နိုင်ငံခေါင်းဆောင်များအစည်းအဝေးတွင် ပြောကြားခဲ့သော မိန့်ခွန်း။
၁၉၄၅ ခု၊ နိုဝင်ဘာလ ၁၈ ရက်နေ့၊ ရွှေတိဂုံစေတီတော် အလယ်ပစ္စယံ၌ ကျင်းပသော ပြည်သူ့ အစည်းအဝေးကြီးတွင် မိန့်ကြားသည့် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ် ဥက္ကဌ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း။
၁၉၄၆ ခု၊ ဇန်နဝါရီလ ၁၇ ရက်နေ့၊ နံနက် ၈ နာရီ ရွှေတိဂုံကုန်းတော် အလယ်ပစ္စယံ ၌ ပြည်လုံးကျွတ် ဖဆပလ ညီလာခံကြီး မစမီ လွတ်လပ်ရေးတိုက်ပွဲ၊ ဖက်ဆစ်တော်လှန်ရေး တိုက်ပွဲများတွင် ကျဆုံးခဲ့သော အာဇာနည်များအား သတိတရ လေးစားသော အားဖြင့် ယာယီကျောက်တိုင် စိုက်ထူ၍ အလေးပြုသော အခမ်းအနား၌ ပြောကြားသော မိန့်ခွန်း။
၁၉၄၆ ခု၊ ဇန်နဝါရီလ ၂၀ ရက်နေ့၊ ရွှေတိဂုံစေတီတော် အလယ်ပစ္စယံ၌ ကျင်းပသော ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး (ဖဆပလ) အဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင် ပြောကြားသော မိန့်ခွန်း။
၁၉၄၆ ခု၊ ဇန်နဝါရီလ ၂၃ ရက်နေ့၊ ရွှေတိဂုံစေတီတော် အလယ်ပစ္စယံ၌ ကျင်းပသော ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး (ဖဆပလ) အဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်းက တင်သွင်းခဲ့သော ညီညွတ်ရေးအဆို။
၁၉၄၆ ခု၊ မတ်လ ၂၆ ရက်နေ့၊ သတင်းစာ ကွန်ဖရင့် တွင် ဗိုလ်ချုပ် အောင်ဆန်း၏ ရခိုင်ပြည် ခရီးစဉ် အကြောင်း ရှင်းလင်း ပြောပြချက်။
၁၉၄၆ ခု၊ မတ်လ ၂၇ ရက်၊ ကန်တော်မင် ပန်းခြံ တွင် ကျင်းပသော တော်လှန်ရေးနေ့ အခမ်းအနားတွင် ပြောကြားခဲ့သော မိန့်ခွန်း။
၁၉၄၆ ခု၊ ဧပြီလ ၂၆ ရက်နေ့ တွင် ပြောကြားသည့် မိန့်ခွန်း။
၁၉၄၆ ခု၊ ဧပြီလ ၂၉ ရက်နေ့ နံနက် ၁၁ နာရီခွဲတွင် ကန်တော်ကလေး မြူနီစီပယ်ကျောင်း၌ ကျင်းပသော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းဆရာများ ညီလာခံတွင် ပြောကြားသော မိန့်ခွန်း။
၁၉၄၆ ခု၊ မေလ ၁ ရက်နေ့၊ ရွှေတိဂုံဘုရားခြေရင်း၊ ကန်တော်မင်ပန်းခြံ အတွင်း၌ ကျင်းပခဲ့သော အလုပ်သမားနေ့ (May Day) အခမ်းအနားတွင် ပြောကြားခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏ သဘာပတိ မိန့်ခွန်း။
၁၉၄၆ခု၊ ဇွန်လ ၇ ရက်နေ့၊ ကန်တော်မင်ပန်းခြံ ၌ ကျင်းပသော ထန်းတပင်မြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း အတွက် လူထု ဆန္ဒပြ ကန့်ကွက်ပွဲ အစည်းအဝေးကြီးတွင် ပြောကြားသော မိန့်ခွန်း။
၁၉၄၆ ခု၊ စက်တင်ဘာလ ၂၉ ရက်နေ့၊ စက္ကူဖြူ စီမံကိန်း ကန့်ကွက် ဆန္ဒပြပွဲ တွင် ပြောကြားသော မိန့်ခွန်း။
၁၉၄၆ ခု၊ အောက်တိုဘာလ ၂၀ ရက်နေ့၊ ရွှေတိဂုံဘုရား အနောက်မုခ်၌ ပြောကြားခဲ့သော ကွန်မြူနစ်ပါတီအား ဖဆပလ အဖွဲ့ချုပ် မှ အဘယ်ကြောင့် ထုတ်ပယ်ခဲ့ရကြောင်း ရှင်းလင်းသောမိန့်ခွန်း။
၁၉၄၆ ခု၊ အောက်တိုဘာလ ၂၈ ရက်နေ့၊ ပြည်သူ့ရဲဘော်တပ်ဖွဲ့ အစည်းအဝေး တွင် ပြောကြားသော မိန့်ခွန်း။
၁၉၄၆ ခု၊ ဒီဇင်ဘာလ ၁၈ ရက်နေ့၊ မော်လမြိုင်ခရိုင် သံဖြူဇရပ်ရွာ၌ ပြုလုပ်သည့် ယိုးဒယား မြန်မာ မီးရထားလမ်း ဖောက်လုပ်ရာတွင် သေဆုံးခဲ့သော ချွေးတပ် အလုပ်သမားများကို သတိရသော သရဏဂုံတင်ပွဲ၌ ပြောကြားသော မိန့်ခွန်း။
၁၉၄၇ ခု၊ ဇန်နဝါရီလ ၁ ရက်နေ့၊ ည ၇ နာရီ မိနစ် ၄၀၊ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ဘိလပ်သို့ မသွားမီ တိုင်းပြည်သို့ အသံလွှင့် ပြောကြားခဲ့သော မိန့်ခွန်း။
၁၉၄၇ ခု၊ ဖေဖော်ဝါရီလ ၃ ရက်နေ့ ၊ ညနေ ၃ နာရီ၊ ဖဆပလ အဖွဲ့ချုပ် တွင် ကျင်းပသော သတင်းစာ ကွန်ဖရင့် တွင် ဗြိတိသျှ အစိုးရအဖွဲ့ နှင့် မြန်မာ ကိုယ်စားလှယ်အဖွဲ့ တို့၏ အင်္ဂလန် ၌ ဆွေးနွေးပွဲ အကြောင်း ရှင်းလင်းပြောပြချက်။
၁၉၄၇ ခု၊ ဖေဖော်ဝါရီလ ၄ ရက်နေ့၊ ည ၇ နာရီ မိနစ် ၃၀၊ အသံလွှင့်ရုံမှ တဆင့် တိုင်းပြည်သို့ ပြောကြားသော ဗိုလ်ချုပ်အောင်ဆန်း၏ ဘိလပ်ပြန် မိန့်ခွန်း။
၁၉၄၇ ခု၊ ဖေဖော်ဝါရီလ ၅ ရက်နေ့၊ တောင်သူလယ်သမားညီလာခံတွင် ပြောကြားသော မိန့်ခွန်း။
၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့၊ ပင်လုံမြို့တွင် ကျင်းပသော တောင်တန်းဒေသ ညီလာခံ (ပင်လုံ ညီလာခံ) ၌ ပြောကြားသော မိန့်ခွန်း။
၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ည၊ ပင်လုံမြို့ စော်ဘွားများ ထမင်းစားပွဲတွင်ပြောကြားသော မိန့်ခွန်း။
၁၉၄၇ ခု၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့၊ ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ဘိလပ်တွင် ဗြိတိသျှအစိုးရနှင့် ဆွေးနွေး ဆောင်ရွက်ခဲ့သော ကိစ္စများကို ဖဆပလ ဦးစီး အမှုဆောင် အဖွဲ့ သို့ တင်ပြသော အစည်းအဝေး၌ ဗိုလ်ချုပ်အောင်ဆန်း၏ တင်ပြချက်။
၁၉၄၇ ခု၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့၊ ဗမာပြည် လွတ်လပ်ရေးကိစ္စအတွက် ဗြိတိသျှအစိုးရနှင့် အောင်မြင်စွာ ဆွေးနွေးခဲ့သော ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်မြို့တော် မြူနီစီပယ်အဖွဲ့ဝင် လူကြီးများနှင့် မြို့မိမြို့ဖများက ဂုဏ်ပြု ဧည့်ခံပွဲ၌ ပြောကြားသော မိန့်ခွန်း။
၁၉၄၇ ခု၊ မတ်လ ၁ ရက်နေ့၊ မြန်မာပြည် အင်္ဂလိပ်ကုန်သည်ကြီးများအသင်းအစည်းအဝေး၌ ပြောကြားခဲ့သော မိန့်ခွန်း။
၁၉၄၇ ခုနှစ်၊ မတ်လ ၇ ရက်နေ့၊ ည ၆နာရီ ၃၈ မိနစ်၊ ဧပြီလ ၉ ရက်နေ့တွင် ကျင်းပမည့်ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ တိုင်းပြည်သို့ မေတ္တာရပ်ခံချက်ကို ဗိုလ်ချုပ်အောင်ဆန်း ကိုယ်စား မြန်မာ့အသံက ဖတ်ကြား အသံလွှင့် ခဲ့သော စာတမ်း။
၁၉၄၇ ခုနှစ်၊ မတ်လ၊ တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲနှင့် ပတ်သက်၍ မဲအပေး မမှားကြရန် နှိုးဆော်သော အသံလွှင့်မိန့်ခွန်း။
၁၉၄၇ ခု၊ မတ်လ ၁၇ ရက်နေ့၊ ညနေ ၄နာရီ၊ မော်လမြိုင်မြို့ ဘုရင်မပန်းခြံ၌ ဟောပြောသော ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း
၁၉၄၇ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့၊ မုံရွာမြို့တွင် ဟောပြောချက်။
၁၉၄၇ ခု၊ မတ်လ ၂၁ ရက်နေ့၊ ည ၈နာရီ မိနစ် ၃၀၊ တိုင်းပြည် လွတ်လပ်ရေး ရခါနီး အချိန်တွင် လွတ်လပ်ရေးကို မျက်ချည်ပြတ်သွားစေသည့် လုပ်ငန်းများကို ရပ်တန်းက ရပ်ကြရန်သတိပေးချက်။ အသံသွင်းယူထားသော သတိပေးချက်ကို မြန်မာ့အသံမှ လွှင့်ထုတ်ခဲ့ခြင်း ဖြစ်သည်။
၁၉၄၇ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ နံနက်၊ ရွေးကောက်ပွဲအတွက် လှည့်လည် ဟောပြောရင်း အောင်လံမြို့၌ ကျင်းပသော တော်လှန်ရေးနေ့ အခမ်းအနားတွင် ပြောကြားခဲ့သည့် မိန့်ခွန်း။
၁၉၄၇ ခု၊ ဧပြီလ ၂ ရက်နေ့၊ ည ၈ နာရီ၊ ရခိုင်ပြည်နယ် မြေပုံမြို့ တွင် အလံနီ ကွန်မြူနစ် ဆရာတော် ဦးစိန္တာ ကြီးမှူး ကျင်းပသော လူထုအစည်းအဝေး ၌ ပြောကြားသော မိန့်ခွန်း အကျဉ်းချုပ်။
၁၉၄၇ ခု၊ ဧပြီလ ၅ ရက်နေ့ ညနေ ၆ နာရီ ၃၃ မိနစ်အချိန်တွင် တိုင်းပြည်သို့ အသံလွှင့် ပြောကြားသည့် မိန့်ခွန်း။
၁၉၄၇ ခုနှစ်၊ ဧပြီလ ၉ရက်နေ့၊ ပျဉ်းမနားမြို့၊ ဦးဝိသုဒ္ဓကျောင်းအတွင်း၊ တရားပွဲ၌ ဟောပြောချက်။
၁၉၄၇ ခု၊ ဧပြီလ ၁၇ ရက်နေ့ည၊ မြန်မာ နှစ်သစ်ကူး မိန့်ခွန်းအဖြစ် အသံလွှင့်ရုံမှ တိုင်းပြည်သို့ အသံလွှင့် ပြောကြားခဲ့သော မိန့်ခွန်း။
၁၉၄၇ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့၊ မြန်မာနှစ်သစ်ကူး မိန့်ခွန်းကို ဧပြီ ၁၈ ရက်နေ့တွင် မြန်မာ့အသံမှ ကောက်နှုတ်၍ ထပ်မံ အသံလွှင့်ချက်။
၁၉၄၇ ခုနှစ်၊ ဧပြီလ အတွင်း၊ တောင်တွင်းကြီးမြို့ ရွှေအင်းတောင်ဘုရားတွင် ပြောကြားသည့် မိန့်ခွန်း။
၁၉၄၇ ခုနှစ်၊ ဧပြီအတွင်း၊ နတ်မောက်မြို့၊ ဒီပင်္ကရာ ကျောင်းဝင်းအတွင်း ကျင်းပသော လူထုအစည်းအဝေးကြီးတွင် ပြောကြားသည့်မိန့်ခွန်း။
၁၉၄၇ ခုနှစ်၊ မေလ ၁၉ ရက်နေ့၊ တိုင်းပြုပြည်ပြု ပဏာမ ပြင်ဆင်မှု ညီလာခံတွင် ပြောကြားသည့်မိန့်ခွန်း။
၁၉၄၇ ခု၊ မေလ ၁၉ ရက်နေ့၊ ဂျူဗလီဟော ဖ၊ဆ၊ပ၊လ ပဏာမ ပြင်ဆင်မှု ညီလာခံတွင် ပြောကြားသည့်မိန့်ခွန်း။
၁၉၄၇ ခုနှစ်၊ မေလ ၃၀ ရက်နေ့၊ သတင်းစာဆရာများ အစည်းအဝေးတွင် ပြောကြားချက်။
၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့၊ “ဆိုရန်တိုဗီလာ” (ပြည်လမ်း စာပေဗိမာန် အဆောက်အဦ) ၌ ကျင်းပ သော ပြန်လည် ထူထောင်ရေး လုပ်ငန်း ကွန်ဖရင့် တွင် ပြောကြားခဲ့သော မိန့်ခွန်း။
၁၉၄၇ ခု၊ ဇွန်လ ၁၀ ရက်၊ ရန်ကုန်မြို့ ဗန္ဓုလပန်းခြံ ၌ ပြောကြားခဲ့သော မိန့်ခွန်း။
၁၉၄၇ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့၊ တိုင်းပြုပြည်ပြု လွှတ်တော်၌ လုံးဝလွတ်လပ်ရေး အဆိုကို တင်သွင်းစဉ်ပြောကြားသည့်မိန့်ခွန်း။
၁၉၄၇ ခုနှစ်၊ ဇွန်လဆန်း၊ ဗမာနိုင်ငံလုံးဆိုင်ရာ မီးသတ်အစည်းအရုံးကြီးတွင် ပြောကြားသည့်မိန့်ခွန်း။
၁၉၄၇ ခု၊ ဇူလိုင်လ ၁၃ ရက်နေ့၊ ရန်ကုန် မြို့တော်ခန်းမ၌ ကျင်းပသော ပြည်သူ့အစည်းအဝေးကြီးတွင် ပြောကြားသော မိန့်ခွန်း။ ဤ မိန့်ခွန်းမှာ ဗိုလ်ချုပ်အောင်ဆန်း၏ နောက်ဆုံးမိန့်ခွန်း ဖြစ်သည်။

 

Google